ရေမီက မီးခိုးမြို့တော်ရဲ့ မင်းသမီးလေးပါ။ မြို့တော်ကြီဂမှဦ မီးခိုးငွေ့တွေ များပြီး တစ်မြို့လုံး ချောင်းဆိုးနေကြတဲ့ လေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာနေခဲ့တာပေါ့။ သူမနဲ့ ခရီးထွက်ရင်း ပြဿနာဖြေရှင်းကြည့် ရအောင်။
မာစတာစပွန်ကီက ကျွန်တော်သွားတဲ့ ဘယ်နေရာမဆို အိမ်အတွင်း၊ အိမ်အပြင်နှင့် ကျွန်တော့်အဒေါ်အိမ်အထိ နောက်ကလိုက်လာတယ်။ ကျွန်တော် အဲဒါကို မကြိုက်ဘူး။ အဝေးကို ရောက်အောင် ကျွန်တော် ဘယ်လိုလုပ်ရမလဲ။
တနေ့ တနေ့ စားလိုက် အိပ်လိုက် ကစားလိုက် လုပ်နေတဲ့ ဘီလီလေးကို သူ့မေမေက သားလေးကြီးလာရင် ဘာဖြစ်ချင်တာလဲ လို့မေးတဲ့အတွက် ဖြစ်ပျက်ခဲ့ပုံတွေကို ရေးသားထားတဲ့ ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။
ပလူတိုဂြိုလ်လေး ဂြိုလ်ပတ်လမ်းထဲက ပျောက်သွားလို့ တခြားဂြိုလ်တွေက ဝိုင်းရှာကြပုံ နှင့် အာကာသထဲမှာ ရှိတဲ့ဂြိုလ်တွေ အကြောင်းကို ရေးသားတဲ့ ပုံပြင်လေးဖြစ်ပါတယ်။
လာရာသည် အချိန်တိုင်းစာဖတ်ပြီး စပ်စုသောမိန်းကလေးဖြစ်သည်။ လာရာသည် ဆက်လက်လေ့လာရန်နည်းလမ်းသစ်ကို ရှာဖွေနိုင်ပါမလား။
လ အနီရောင် ပြောင်းသွားရင် ဂျင်မီရွာက လူတွေကြောက်ရွံ့နေကြသည်။ ဂျင်မီသည် သူ့အဖိုးနှင့်ရွာသားများအား လအရောင် ဘာကြောင့်ပြောင်းသွားလဲဆိုသည်ကို ရှင်းပြနိုင်မည်လား။
သဲမြေခွေးလေးရူဘယ်
ဆရေးပေါ့ဗ်၏ ရွာမှာ နေမထွက်တော့ပါဘူး။ နေမင်းကြီးထံ သွားရောက်ပြီး မေးမြန်းချင်တယ်။ သူမနဲ့အတူ ပျော်ရွှင်စရာခရီးမှာ နေမင်းကြီးကို ဘာတွေက တားဆီးထားလဲဆိုတာကို ရှာလိုက်ကြစို့။
ကာကာပိုလေးက မပျံနိုင်လို့ သူမစိတ်ပျက်ဝမ်းနည်းနေတယ်။ တစ်နေ့မှာတော့ သူမ ဆုံးဖြတ်လိုက်တယ် “ဘယ်လိုပျံတယ်ဆိုတာ ငါသင်ယူရမယ်။ ငါဟာ ငါ့အိမ်နီးချင်း သူငယ်ချင်းတွေလိုပဲ ပျော်ရွှင်ချင်တယ်။” ။ ဒီပျော်စရာစာအုပ်လေးကိုဖတ်ပြီး သူပျံနိုင်လား မပျံနိုင်ဘူးလားဆိုတာကို ရှာဖွေလေ့လာကြည့်ပါစို့။
ဆင်ပေါက်စလေးတစ်ကောင် သူတို့အိမ်ထဲရောက်လာတဲ့အခါ ဘိုတွန်ရဲ့ မိဘတွေက ဆင်ကလေးကို စောင့်ရှောက်ပေးတယ်။ သို့သော် သူမက မနာလိုဖြစ်မိတယ်။ ဘိုတွန်က ဆင်ကလေးကို ဖယ်ရှားနိုင်သလား (သို့) သူမက ချစ်စရာကောင်းတဲ့ အကောင်လေးလို မိတ်ဆွေဖွဲ့နိုင်သလား။